back

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Express ခရီးသည်တင်ယာဉ် နှစ်စီးတိုက်မှုဖြစ်ပွား

Jun 22 • 8:07 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Express ခရီးသည်တင်ယာဉ် နှစ်စီးတိုက်မှုဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံအနီး၌ ယနေ့ ဇွန်လ ၂၂ ရက် နံနက် ၃ နာရီဝန်းကျင်တွင် ရတနာဖြိုး Express ယာဉ်အား နောက်မှ ရွှေမန္တလာ Express ယ...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံအနီး၌ ယနေ့ ဇွန်လ ၂၂ ရက် နံနက် ၃ နာရီဝန်းကျင်တွင် ရတနာဖြိုး Express ယာဉ်အား နောက်မှ ရွှေမန္တလာ Express ယာဉ်က ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ရာ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အခြားအမျိုးသား ၃ ဦးနှင့် ကိုရင် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ထံမှ သိရသည်။ အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများကို မြို့မလူမှုကူညီရေးအသင်း၏ သူနာတင်ယာဉ်များဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

18