ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့သို့ စက်သုံးဆီတင်ဆောင်ထွက်ခွာလာပြီး သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာခြင်းမရှိသည့် ဆီသယ်ယာဉ် (၂) စီးကို GPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ဆီသယ်ယာဉ်များတွင် GPS စနစ်တပ်ဆင်ကာ Online Monitoring Center မှတစ်ဆင့် သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာမှု ရှိ၊ မရှိနှင့် စက်သုံးဆီများကို သက်ဆိုင်ရာနေရာများသို့ အမှန်တကယ် ပို့ဆောင်ခြင်း ရှိ၊ မရှိကို တိုက်ရိုက်စောင့်ကြည့်စစ်ဆေးလျက်ရှိရာမှ ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်သတ်မှတ်လမ်းကြောင်းမှ လွဲချော်မောင်းနှင်ခဲ့သည့် ဆီသယ်ယာဉ် ၂ စီးကို GPS စနစ်ဖြင့် စောင့်ကြည့်ဖမ်းဆီးရမိ
Jun 22 • 8:03 AM
Myanmar
Yangon
Share
| 14 | 0 | 0 | 0 |


