back

ပြည်မြို့ ခုတင် (၅၀၀) ဆံ့ ဆေးရုံကြီး၌ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ ၂၆ ဦးကို အခမဲ့ ခွဲစိတ်ကုသပေး

Jun 22 • 8:02 AM

breaking-news

Myanmar

Bago

cover

ပြည်မြို့ ခုတင် (၅၀၀) ဆံ့ ဆေးရုံကြီး၌ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ ၂၆ ဦးကို အခမဲ့ ခွဲစိတ်ကုသပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ရှိ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဇွန် ၂၀ ရက်နှင့် ၂၁ ရက်တို့အတွင်း မွေး...

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ရှိ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဇွန် ၂၀ ရက်နှင့် ၂၁ ရက်တို့အတွင်း မွေးရာပါ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ လူနာများကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ခွဲစိတ်ကုသမှုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုသဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာလှမျိုးနိုင် ဦးဆောင်သော ဆေးလက်တွေ့ပါရဂူဘွဲ့လွန် သင်တန်းသားများအဖွဲ့က လာရောက်ကုသပေးခဲ့ခြင်းဖြစ်ပြီး၊ မွေးရာပါ နှုတ်ခမ်းကွဲလူနာ ၁၅ ဦးနှင့် အာခေါင်ကွဲလူနာ ၁၁ ဦး စုစုပေါင်း ၂၆ ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။

news-view-count-icon

12