ယနေ့ဇွန် ၂၂ ရက်တွင် ကျင်းပမည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမ) နေ့တွင် ရန်ကုန်-ဒလ ကိုရီးယားချစ်ကြည်ရေးတံတားအား ည ၁၂ နာရီအထိ ထပ်တိုးသုံးစွဲခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ အပါအဝင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အစည်းအဝေး၌ အင်းစိန်မြို့နယ် ကိုယ်စားလှယ်၏ "နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းအဆို" ကို မှတ်တမ်းတင်ခြင်းနှင့် ဗဟန်းမြို့နယ် ကိုယ်စားလှယ်၏ "ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင်အထည်ဖော်ရာတွင် ကဏ္ဍအလိုက်တိုးတက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ထုတ်ပြန်ပေးရန်အဆို" တို့နှင့် ပတ်သက်၍လည်း ဆွေးနွေးကာ လွှတ်တော်၏ အဆုံးအဖြတ်ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ဒလ ကိုရီးယားချစ်ကြည်ရေးတံတားကို ည ၁၂ နာရီအထိ ထပ်တိုးသုံးစွဲခွင့်ပြုရန် အစီအစဉ် အပါအဝင် ဒေသဖွံ့ဖြိုးရေးကိစ္စများကို ရန်ကုန်တိုင်းလွှတ်တော်၌ မေးမြန်းဆွေးနွေးမည်
Jun 22 • 8:01 AM
Myanmar
Yangon
Share
| 11 | 0 | 0 | 0 |


