မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်နှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်တို့ ပူးပေါင်း၍ ယနေ့ ဇွန် ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ဝင်းအတွင်း၌ "မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်" ကို ကျင်းပခဲ့ရာ မန်ဂျန်ရှား၊ ပျဉ်းမ၊ မဟော်ဂနီ၊ ကျွန်းနှင့် ကံ့ကော်အပါအဝင် ရတနာတန်းဝင်နှင့် အရိပ်ရပင် စုစုပေါင်း ၁,၃၇၄ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက္ကသိုလ်ပါမောက္ခချုပ်တို့နှင့်အတူ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းကာ သစ်ပင်များကို တပျော်တပါး စိုက်ပျိုးပေးခဲ့ကြသည်။
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပပြီး သစ်ပင်ပေါင်း ၁,၃၇၄ ပင် စိုက်ပျိုး
Jun 22 • 8:00 AM
Myanmar
Yangon
Share
| 11 | 0 | 0 | 0 |


