ဂျပန်၊ဟော့ကိုင်းဒိုးစီရင်စုရှိ ယူဘာရီ (Yubari) မြို့တော်ဝန် Tsukasa Atsuya က လွန်ခဲ့သည့် အနှစ် ၂၀ (၂၀၀၆ ခုနှစ်) က မြို့တော်ဘဏ္ဍာရေး ပြိုလဲခဲ့မှုကြောင့် စတင်ကျင့်သုံးခဲ့သည့် မြို့တော်အစိုးရဝန်ထမ်းများ၏ လစာငွေဖြတ်တောက်မှု အစီအစဉ်ကို ယခုဘဏ္ဍာရေးနှစ်ကုန်တွင် ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်းယမန်နေ့က ၌ ကြေညာခဲ့သည်။မြို့တော်အနေဖြင့် ဘဏ္ဍာရေးပြန်လည်ထူထောင်ရေးအတွက် ထုတ်ဝေခဲ့သည့် အထူးစီမံကိန်းချေးငွေစာချုပ် (Special fiscal rehabilitation bonds) များကို ၂၀၂၆ ဘဏ္ဍာရေးနှစ်ကုန်တွင် အပြီးသတ်ပြန်လည်ပေးဆပ်နိုင်တော့မည်ဖြစ်ရာ၊ လာမည့် ၂၀၂၇ ခုနှစ် ဧပြီလမှစတင်၍ ဝန်ထမ်းများ၏ လစာငွေများကို မူလသတ်မှတ်ထားသည့် အပြည့်အဝနှုန်းထားအတိုင်း ပြန်လည်ရရှိတော့မည်ဖြစ်သည်။တစ်ချိန်က ကျောက်မီးသွေးတွင်းလုပ်ငန်းဖြင့် အလွန်စည်ကားခဲ့သော ယူဘာရီမြို့သည် စွမ်းအင်မူဝါဒအပြောင်းအလဲနှင့် ကမ္ဘာလှည့်ခရီးသွားကဏ္ဍတွင် အလွန်အကျွံရင်းနှီးမြှုပ်နှံမှု မှားယွင်းခြင်းတို့ကြောင့် ၂၀၀၆ ခုနှစ်တွင် ယန်း ၃၅.၃ ဘီလီယံ အကြွေးတင်ကာ ဘဏ္ဍာရေးချွတ်ခြုံကျခဲ့ရသည်။ ထိုစဉ်က ဂျပန်နိုင်ငံတွင် တစ်ခုတည်းသော "ဘဏ္ဍာရေးပြန်လည်ထူထောင်ရမည့် မြို့ပြအဖွဲ့အစည်း" အဖြစ် သတ်မှတ်ခံခဲ့ရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် အစောပိုင်းတွင် ဝန်ထမ်းများ၏ လစဉ်လစာကို ပျမ်းမျှ ၃၀ ရာခိုင်နှုန်းခန့်အထိ ဖြတ်တောက်ခဲ့ရသည်။ နောက်ပိုင်းတွင် အဆိုပါ ဖြတ်တောက်မှုနှုန်းကို တဖြည်းဖြည်း လျှော့ချပေးခဲ့ရာ လက်ရှိတွင် ဝန်ထမ်းအားလုံး ၅ ရာခိုင်နှုန်းသာ ဖြတ်တောက်ခံရတော့ပြီး လာမည့်နှစ်တွင်မူ လစာအပြည့် ပြန်လည်ရရှိတော့မည် ဖြစ်သည်။
ဂျပန်နိုင်ငံ၌ ဘဏ္ဍာရေးပြိုလဲခဲ့သည့် ယူဘာရီမြို့တော်ဝန်ထမ်းများ၏ လစာလျှော့ချခံရမှု နှစ်၂၀ အကြာတွင် ပြီးဆုံးသွားခဲ့ပြီဖြစ်
Jun 22 • 4:06 AM
Japan
Local News
Share
| 4 | 0 | 0 | 0 |


