ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ DEMU မြန်နှုန်းမြင့်ရထားကို နေချင်းပြန် စတင်ပြေးဆွဲမည်ဖြစ်သည်။ ရန်ကုန်မှ နံနက် ၅ နာရီတွင် ထွက်ခွာမည့် အဆန်ရထားသည် မော်လမြိုင်သို့ နံနက် ၁၁ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ပြီး၊ မော်လမြိုင်မှ နေ့လယ် ၁ နာရီတွင် ပြန်လည်ထွက်ခွာမည့် အစုန်ရထားသည် ရန်ကုန်သို့ ည ၇ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။ လမ်းခရီးတွင် ၆ နာရီခန့်သာ ကြာမြင့်မည်ဖြစ်ပြီး ပေါင်၊ သထုံ၊ ကျိုက်ထို၊ သိမ်ဇရပ်၊ ဝေါ၊ ပဲခူးနှင့် တိုးချောင်ကလေးဘူတာတို့၌ ရပ်နားမည်ဖြစ်ကာ၊ ရထားတွဲ ၆ တွဲတွင် ထိုင်ခုံ ၂၆၄ ခုံ ပါဝင်မည်ဖြစ်သည်။ ယခင်ပြေးဆွဲနေကျ လူစီးအမြန်ရထားများကိုလည်း မူလအချိန်စာရင်းအတိုင်း ဆက်လက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Jun 22 • 4:06 AM
Myanmar
Mon
Share
| 16 | 0 | 0 | 0 |


