back

စင်ကာပူရှိ ဟာဘာဖရန့်စင်တာ ပိတ်သိမ်းပြီး ဇူလိုင်လတွင် နေရာပြောင်းရွှေ့မည်ဖြစ်

Jun 22 • 4:03 AM

breaking-news

Singapore

Local News

cover

စင်ကာပူရှိ ဟာဘာဖရန့်စင်တာ ပိတ်သိမ်းပြီး ဇူလိုင်လတွင် နေရာပြောင်းရွှေ့မည်ဖြစ်

စင်ကာပူနိုင်ငံ၏ နာမည်ကျော် ဟာဘာဖရန့်စင်တာ မောလ်ကြီး (HarbourFront Centre) ကို အကြီးစားပြန်လည်မွမ်းမံတည်ဆောက်ရန်အတွက် လာမည့် ဇူလိုင်လ ၂၇ ရက်တွင် စတင်ပိတ်သိမ်းတော...

စင်ကာပူနိုင်ငံ၏ နာမည်ကျော် ဟာဘာဖရန့်စင်တာ မောလ်ကြီး (HarbourFront Centre) ကို အကြီးစားပြန်လည်မွမ်းမံတည်ဆောက်ရန်အတွက် လာမည့် ဇူလိုင်လ ၂၇ ရက်တွင် စတင်ပိတ်သိမ်းတော့မည်ဖြစ်ရာ၊ ၎င်းမောလ်အတွင်း ၁၉၉၂ ခုနှစ်ကတည်းက ဖွင့်လှစ်ထားသည့် စင်ကာပူခရီးစဉ်ရေကြောင်းဗဟိုဌာန (Singapore Cruise Centre - SCC) ကိုလည်း ဇူလိုင်လအတွင်း အနီးနားရှိ နေရာအသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကြောင်းဗဟိုဌာနသည် လက်ရှိတည်နေရာနှင့် မီတာ ၇၀ ခန့်သာကွာဝေးသော အမှတ် (၅) ဟာဘာဖရန့်ရိပ်သာ (5 HarbourFront Avenue) ရှိ သီးသန့်အဆောက်အအုံသစ်သို့ အဆင့်နှစ်ဆင့်ဖြင့် ပြောင်းရွှေ့သွားမည်ဖြစ်သည်။ ပထမအဆင့်အနေဖြင့် ဇူလိုင်လ ၇ ရက်တွင် Batam Fast Ferry အမြန်ရေယာဉ်လိုင်းက နေရာသစ်၌ စတင်ပြေးဆွဲမည်ဖြစ်ပြီး၊ ကျန်ရှိသော အမြန်ရေယာဉ်လိုင်းများနှင့် အပြည်ပြည်ဆိုင်ရာ အပျော်စီးသင်္ဘော (Cruise) လုပ်ငန်းစဉ်အားလုံးသည် ဇူလိုင်လ ၁၅ ရက်တွင် အပြီးသတ်ပြောင်းရွှေ့မည်ဖြစ်သည်။ နေရာပြောင်းလဲသော်လည်း အင်ဒိုနီးရှားနိုင်ငံ ဘာတမ်၊ ဆီကူပန် အစရှိသည့် ခရီးစဉ်လမ်းကြောင်းများ၊ ဆိုက်ကပ်မည့် ဆိပ်ခံတံတားများနှင့် အချိန်ဇယားများ ပြောင်းလဲမည်မဟုတ်ဘဲ ခရီးသည်များအနေဖြင့် ဟာဘာဖရန့် MRT ဘူတာနှင့် ဗီဗိုစီးတီး (VivoCity) မောလ်တို့မှတစ်ဆင့် မိုးပျံလူလျှောက်လမ်းများအတိုင်း လွယ်ကူစွာ ဆက်လက်သွားရောက်နိုင်သည်။

အိမ်ခြံမြေလုပ်ငန်းကြီးဖြစ်သော Mapletree Investments ၏ စီမံကိန်းအရ လက်ရှိဟာဘာဖရန့်စင်တာကို ဖြိုဖျက်ကာ ၃၃ ထပ်ရှိ ရုံးခန်း၊ ဆိုင်ခန်းများနှင့် ဝေဟင်ပန်းခြံပါဝင်မည့် ခေတ်မီအဆောက်အအုံအဖြစ် ပြန်လည်တည်ဆောက်မည်ဖြစ်ပြီး ၂၀၃၁ ခုနှစ် ပထမနှစ်ဝက်တွင် အပြီးသတ်ရန် လျာထားကြောင်း သိရသည်။

news-view-count-icon

5