back

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် စေတီဆိပ်နှင့် နမ့်သာရွာတို့တွင် ဥရုချောင်းရေကြီးမှု ဖြစ်ပေါ်နေ

Jun 22 • 4:01 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် စေတီဆိပ်နှင့် နမ့်သာရွာတို့တွင် ဥရုချောင်းရေကြီးမှု ဖြစ်ပေါ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ရှိ စေတီဆိပ်နှင့် နမ့်သာကျေးရွာများတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ဟု သိရ...

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ရှိ စေတီဆိပ်နှင့် နမ့်သာကျေးရွာများတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။ ရေကြီးမှုကြောင့် ဒေသခံတွေရဲ့ သွားလာရေးမှာ အခက်အခဲတွေ ရှိနေသလို ကျေးရွာစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေက ပျဉ်တိုပျဉ်စတွေလည်း ရေထဲမျောပါနေတယ်လို့ ဒေသခံတွေက ပြောပါသည်။ လက်ရှိတွင် စားသောက်ရေး အခက်အခဲကြုံတွေ့နေရသည့် မိသားစုများကို ကျေးရွာသူကျေးရွာသားများက ထမင်းထုပ်များ လိုက်လံဝေငှ ကူညီပေးနေကြောင်း သိရသည်။

news-view-count-icon

22