လာအိုနိုင်ငံတွင် တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးသန်းမှုကို တားဆီးနှိမ်နင်းရန် ကြိုးပမ်းမှုအဖြစ် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း သီးခြားစီမံချက်နှစ်ခုဖြင့် တရားမဝင် တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်း ၆၀ ကီလိုဂရမ်ကျော်နှင့် မှောင်ခိုသယ်ဆောင်လာသည့် သက်ရှိသတ္တဝါ ၂၉၄ ကောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ပထမစီမံချက်အဖြစ် ပြီးခဲ့သည့်ဇွန်လ ၁၃ ရက်နေ့က လူအန်ပရာဘန် (Luang Prabang) ဒေသတွင် ဝင်ရောက်စီးနင်းခဲ့ရာ ဆင်စွယ်ကဲ့သို့ အရာဝတ္ထု ၉၆၈ ခု (၂၁.၅၇ ကီလိုဂရမ်)၊ တိရစ္ဆာန်သည်းခြေဟု ယူဆရသည့်အရာ ၁၁၂ ခု (၁၄.၈၈ ကီလိုဂရမ်)၊ သင်းခွေချပ်အကြေးခွံကဲ့သို့ အိတ် ၉ အိတ် (၁၀.၆၃ ကီလိုဂရမ်) နှင့် ဆင်အရေပြားမှုန့်များ၊ ဝက်ဝံသည်းခြေဆေးတောင့်များနှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ ပါဝင်သော တိုင်းရင်းဆေးပြွန်ပေါင်း ၇၀၀ အပြင် ၎င်းပစ္စည်းများကို ပြုပြင်ထုတ်လုပ်သည့် စက် ၉ လုံးကိုပါ သိမ်းဆည်းရမိခဲ့သည်။အလားတူ သီးခြားစီမံချက်တစ်ခုအဖြစ် ဇွန်လ ၁၇ ရက်နေ့တွင် ချမ်ပါဆက် (Champasak) ပြည်နယ်ရှိ ဝင်တောင်နိုင်ငံတကာနယ်စပ်ဂိတ်တွင် ပက်ဆီမှ ဘန်ကောက်သို့ မောင်းနှင်မည့် နိုင်ငံတကာခရီးသည်တင် ဘတ်စ်ကားတစ်စီးပေါ်မှ လာအိုနိုင်ငံတွင်း မရှိသော သက်ရှိတောရိုင်းတိရစ္ဆာန် ၂၉၄ ကောင်ကို ကြားဖြတ်ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့အနက် လိပ် ၁၄၄ ကောင်၊ စပါးအုန်းမြွေ ၉၉ ကောင်၊ မြွေစိမ်း ၂၄ ကောင်နှင့် ဖွတ် ၄၂ ကောင်တို့ ပါဝင်ပြီး၊ ဤလုပ်ရပ်မှာ နိုင်ငံဖြတ်ကျော် တောရိုင်းတိရစ္ဆာန် တင်သွင်း/တင်ပို့မှုဆိုင်ရာ ဥပဒေများကို ပြင်းထန်စွာချိုးဖောက်ခြင်းဖြစ်၍ အာဏာပိုင်များက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
လာအိုအာဏာပိုင်များ တရားမဝင် တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်း ၆၀ ကီလိုဂရမ်ကျော်နှင့် သက်ရှိသတ္တဝါ ၂၉၄ ကောင်ကို သိမ်းဆည်းရမိ
Jun 22 • 2:07 AM
Laos
Local News
Share
| 5 | 0 | 0 | 0 |


