back

ရန်ကုန်မြို့၊သီလဝါမှ ဘားအံသို့ စက်သုံးဆီပို့သည့်ယာဉ် လမ်း၌ တရားမဝင်ရောင်းချသဖြင့် ဖမ်းဆီးအရေးယူခံရ

Jun 22 • 2:08 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့၊သီလဝါမှ ဘားအံသို့ စက်သုံးဆီပို့သည့်ယာဉ် လမ်း၌ တရားမဝင်ရောင်းချသဖြင့် ဖမ်းဆီးအရေးယူခံရ

ရန်ကုန်မြို့ (သီလဝါ) မှ ကရင်ပြည်နယ် ဘားအံမြို့သို့ စက်သုံးဆီပို့ဆောင်မည့် ဆီသယ်ယာဉ်တစ်စီးသည် လမ်းခရီး ကျိုက်ထိုမြို့အနီးတွင် စက်သုံးဆီများကို တရားမဝင် လွှဲပြောင...

ရန်ကုန်မြို့ (သီလဝါ) မှ ကရင်ပြည်နယ် ဘားအံမြို့သို့ စက်သုံးဆီပို့ဆောင်မည့် ဆီသယ်ယာဉ်တစ်စီးသည် လမ်းခရီး ကျိုက်ထိုမြို့အနီးတွင် စက်သုံးဆီများကို တရားမဝင် လွှဲပြောင်းရောင်းချခဲ့သဖြင့် မရမ်းချောင်လုံခြုံရေးဂိတ်တွင် ဖမ်းဆီးရမိပြီး ကျိုက်ထိုမြို့မရဲစခန်း၌ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ဆီသယ်ယာဉ် ၅,၀၀၀ ကျော်တွင် GPS များ တပ်ဆင်ထားရှိစေကာ သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာခြင်းရှိမရှိကို Online Monitoring Center မှ တိုက်ရိုက်စောင့်ကြည့်စစ်ဆေးနေရာမှ ယခုကဲ့သို့ သံသယဖြစ်ဖွယ် ရပ်တန့်နေသည့် ဆီသယ်ယာဉ်ကို စိစစ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

7