back

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Express ခရီးသည်တင်ယာဉ် နှစ်စီးတိုက်မိပြီး လူ ၃ ဦးသေဆုံးကာ ကိုရင်တစ်ပါးအပါအဝင် ၄ ဦး ဒဏ်ရာရ

Jun 22 • 2:06 AM

breaking-news

Myanmar

Mandalay

cover

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Express ခရီးသည်တင်ယာဉ် နှစ်စီးတိုက်မိပြီး လူ ၃ ဦးသေဆုံးကာ ကိုရင်တစ်ပါးအပါအဝင် ၄ ဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံတွင် ယနေ့ ဇွန်လ ၂၂ ရက် နံနက် ၃ နာရီခန့်က ရတနာဖြိုး Express ယာဉ်အား နောက်မှ ရွှေမန္တလာ Express ယာဉ်က ဝင်...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံတွင် ယနေ့ ဇွန်လ ၂၂ ရက် နံနက် ၃ နာရီခန့်က ရတနာဖြိုး Express ယာဉ်အား နောက်မှ ရွှေမန္တလာ Express ယာဉ်က ဝင်ရောက်တိုက်မိသည့် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါရှိသူများအနက် အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး၊ အခြားအမျိုးသား ၃ ဦးနှင့် ကိုရင်တစ်ပါး (စုစုပေါင်း ၄ ဦး) ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သတင်းရရှိသဖြင့် ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူရုပ်အလောင်းများကို ကြက်ခြေနီအသင်းနှင့် မြို့မလူမှုကူညီရေးအသင်းတို့၏ သူနာတင်ယာဉ်များဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

18