back

ကစားသမားမှတ်ပုံတင်ကိစ္စအဆင်မပြေမှုကြောင့် ထိုင်းလူငယ်ကစားသမား ခိုပွန်နှင့် ဧရာဝတီအသင်း လမ်းခွဲ

Jun 22 • 2:06 AM

breaking-news

Myanmar

Local

cover

ကစားသမားမှတ်ပုံတင်ကိစ္စအဆင်မပြေမှုကြောင့် ထိုင်းလူငယ်ကစားသမား ခိုပွန်နှင့် ဧရာဝတီအသင်း လမ်းခွဲ

ဧရာဝတီအမျိုးသမီးအသင်းသည် ထိုင်းလူငယ်လက်ရွေးစင် အမျိုးသမီးကစားသမား ခိုပွန် (နာချာနော့) ကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ကစားသမားမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်...

ဧရာဝတီအမျိုးသမီးအသင်းသည် ထိုင်းလူငယ်လက်ရွေးစင် အမျိုးသမီးကစားသမား ခိုပွန် (နာချာနော့) ကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ကစားသမားမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ အဆင်မပြေဖြစ်ကာ လမ်းခွဲလိုက်ရကြောင်း သိရသည်။ ထိုင်း ယူ-၁၇၊ ယူ-၂၀ လက်ရွေးစင်ဟောင်းဖြစ်သူ ခိုပွန်သည် ရန်ကုန်မြို့သို့ လာရောက်ကာ အသင်းနှင့်အတူ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သော်လည်း အသက် ၁၈ နှစ်မပြည့်သေးသဖြင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) ထံ မှတ်ပုံတင်ရာတွင် အခက်အခဲရှိခဲ့ပြီး ရာသီကြိုအပြောင်းအရွှေ့ နောက်ဆုံးရက်အထိ အဆင်မပြေဖြစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကစားသမားကိုယ်တိုင်က အသင်းတွင် ကစားလိုစိတ်ပြင်းပြနေ၍ လာမည့် ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ပြန်လည်ခေါ်ယူနိုင်ရန် ဧရာဝတီအသင်းက ဆက်လက်ကြိုးစားသွားမည်ဖြစ်သည်။

news-view-count-icon

27