မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ခရပ်(စ်) ရော်ဘာစက်ရုံ ၆ ရုံ (အထူးသဖြင့် ကွမ်တာကျေးရွာရှိ စက်ရုံ ၂ ရုံ) မှ အက်စစ်ပါဝင်သော ရော်ဘာမှောက်တုံးများ ဆေးကြောသည့် စွန့်ပစ်ရေဆိုးများကြောင့် နေ့စဉ် အနံ့ဆိုးများ ပြင်းထန်စွာ ထွက်ပေါ်နေသဖြင့် ဒေသခံများနှင့် စက်ရုံဝန်ထမ်းများ ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်နေကြကြောင်း ဇွန်လ ၂၂ ရက်တွင် သိရသည်။ အဆိုပါ စက်ရုံများမှ ထွက်ရှိသည့် ရေဆိုးများသည် ကျေးရွာကို ဖြတ်သန်းစီးဆင်းသော သဲဖြူချောင်းအတွင်းသို့ စီးဝင်ကာ ပင်လယ်ရေအတက်အကျနှင့်အတူ ရွာလုံးကျွတ် အနံ့ဆိုးများကို အိမ်ခြေ တစ်ထောင်ခန့် ခံစားနေရပြီး၊ ယင်းအနံ့ဆိုးများသည် မုဒုံအဝင် ကွမ်တာရွာဆိုင်းဘုတ်မှ မုဒုံ-မော်လမြိုင် ကားလမ်းပေါ်အထိ ပျံ့နှံ့နေသည်။ ရော်ဘာလုပ်ငန်း ကျွမ်းကျင်သူများက စက်ရုံများ တည်ဆောက်စဉ်ကတည်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနများက သေချာစိစစ်ခဲ့သင့်ကြောင်းနှင့် လက်ရှိတွင် ရေဆိုးစွန့်ပစ်ရန် နေရာလုံလောက်စွာ မရှိခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းနေရခြင်းဖြစ်ကြောင်း ထောက်ပြကြပြီး၊ အစိုးရအဆက်ဆက် တိုင်ကြားသော်လည်း ထိရောက်စွာ အရေးယူပေးခြင်း မရှိသဖြင့် လက်ရှိ မုဒုံဇာတိဖြစ်ကြသော မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့အနေဖြင့် လာရောက်ကွင်းဆင်း ဖြေရှင်းပေးရန် ဒေသခံများက လိုလားနေကြသည်။
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ခရပ်(စ်) ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ထွက်ပေါ်နေသဖြင့် ကျန်းမာရေး ထိခိုက်မည်ကို ဒေသခံများ စိုးရိမ်နေ
Jun 22 • 2:05 AM
Myanmar
Mon
Share
| 13 | 0 | 0 | 0 |


