ပေါ်တူဂီအသင်းနောက်ခံလူ ဒါလော့က အသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်ကတည်းက လူမှုကွန်ရက်တုံ့ပြန်မှုများနှင့် ဝေဖန်မှုများအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ကြောင်း ပြောကြားခဲ့သည်။ ပေါ်တူဂီအသင်းသည် ဒီအာရ်ကွန်ဂိုအသင်းနှင့် တစ်ဂိုးစီသရေကျပြီးနောက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး၊ အထူးသဖြင့် အဆိုပါပွဲစဉ်တွင် ဂိုးကန်ချက် သုံးကြိမ်သာရရှိကာ ဂိုးပေါက်တည့်မှု တစ်ကြိမ်မျှမရှိခဲ့သည့် ကြယ်ပွင့်ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုအပေါ် အွန်နရီအပါအဝင် ရုပ်သံဝေဖန်သူများနှင့် လူမှုကွန်ရက်သုံးစွဲသူများက ထောက်ပြဝေဖန်နေကြခြင်းဖြစ်သည်။ သို့သော် ဒါလော့က ရော်နယ်လ်ဒိုသည် လက်ရွေးစင်အသင်းတွင် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိသဖြင့် ယခုကဲ့သို့ ဝေဖန်တိုက်ခိုက်မှုများကို ကောင်းကောင်းထိန်းကျောင်းနိုင်သူဖြစ်ကြောင်းနှင့် အသင်းအတွက် ၎င်းကဲ့သို့ ကစားသမားမျိုး အမြဲလိုအပ်ကြောင်း ဖြည့်စွက်ပြောကြားကာ ကာကွယ်ပြောဆိုသွားခဲ့သည်။
ပေါ်တူဂီနိုင်ငံ ကမ္ဘာ့ဖလားပွဲစဉ်အပြီး ဝေဖန်မှုများအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း နောက်ခံလူ ဒါလော့ ပြောကြား
Jun 22 • 1:43 AM
Myanmar
International
Share
| 13 | 0 | 0 | 0 |


