ဧရာဝတီဘဏ်ခွဲများရှိ စာရင်းရှင်၊ ငွေစုဘဏ်နှင့် ခေါ်ယူအပ်ငွေစာရင်းများတွင် နောက်ဆုံး ငွေသွင်း/ငွေထုတ်လုပ်ပြီးနောက် ရက်ပေါင်း ၃၆၅ ရက် (တစ်နှစ်) အထိ အသုံးပြုခြင်းမရှိပါက "စာရင်းသေစာရင်း" အဖြစ် သတ်မှတ်ကာ မည်သည့်နည်းလမ်းဖြင့်မဆို ပြန်လည်အသုံးပြုခြင်းကို ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်းဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။ ယင်းစာရင်းများကို ပြန်လည်အသက်သွင်းလိုပါက ကာယကံရှင်ကိုယ်တိုင် ဘဏ်ခွဲများသို့ သွားရောက်ရမည်ဖြစ်ပြီး၊ အသက်မဝင်သောစာရင်းများအတွက် တစ်လလျှင် စာရင်းထိန်းသိမ်းခ ၃,၀၀၀ ကျပ်နှင့် စာရင်းသေစာရင်းများအတွက် တစ်လလျှင် ၅,၀၀၀ ကျပ်နှုန်းဖြင့် ၃ လလျှင် တစ်ကြိမ် ဘဏ်စာရင်းထဲမှ ဖြတ်တောက်ကောက်ခံမည်ဖြစ်သည်။ ထိုသို့ ဖြတ်တောက်ရာတွင် ဘဏ်စာရင်းအတွင်းရှိ ငွေလက်ကျန်ကုန်ဆုံးသွားပါက ဘဏ်မှ အလိုအလျောက် အပြီးပိုင်ပိတ်သိမ်းမည်ဖြစ်ကာ၊ ၇ နှစ်နှင့်အထက် ကာလရှည်ကြာသည်အထိ စာရင်းသေဖြစ်နေပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီဘဏ်မှ တစ်နှစ်ထက်အထက် အသုံးပြုမှုမရှိသည့် ဘဏ်စာရင်းများကို စာရင်းသေအဖြစ် သတ်မှတ်ပြီး ဝန်ဆောင်ခကောက်ခံမည်ဟု ထုတ်ပြန်
Jun 22 • 1:42 AM
Myanmar
Ayeyarwady
Share
| 17 | 0 | 0 | 0 |


