back

တရုတ်နိုင်ငံ၊ရှန်ဟိုင်း၌ ၂၈ ကြိမ်မြောက်Gold Goblet နိုင်ငံတကာရုပ်ရှင်ပွဲတော် ကျင်းပခဲ့

Jun 22 • 1:41 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၊ရှန်ဟိုင်း၌ ၂၈ ကြိမ်မြောက်Gold Goblet နိုင်ငံတကာရုပ်ရှင်ပွဲတော် ကျင်းပခဲ့

တရုတ်နိုင်ငံ၏ ၂၈ ကြိမ်မြောက် ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်၏ Gold Goblet ဆုရရှိသူများကို ဇွန်လ ၂၀ ရက် ညပိုင်းတွင် ရှန်ဟိုင်းမြို့၌ ကြေညာခဲ့ရာ၊ တရုတ်ရုပ်ရှင...

တရုတ်နိုင်ငံ၏ ၂၈ ကြိမ်မြောက် ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်၏ Gold Goblet ဆုရရှိသူများကို ဇွန်လ ၂၀ ရက် ညပိုင်းတွင် ရှန်ဟိုင်းမြို့၌ ကြေညာခဲ့ရာ၊ တရုတ်ရုပ်ရှင် "Atlantic Rhapsody" က အကောင်းဆုံးရုပ်ရှင်ဆုနှင့် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု ဟူသည့် ဆုကြီးနှစ်ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။ ထို့ပြင် ဘယ်လ်ဂျီယံရုပ်ရှင် "Iluminada" က အကောင်းဆုံးဒိုင်လူကြီးအဖွဲ့ဆုကို ရရှိခဲ့သည်။ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်သည် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံတကာ A အဆင့်သတ်မှတ်ချက်ဝင် ရုပ်ရှင်ပွဲတော်ဖြစ်သည်။ ယခုနှစ်ပွဲတော်ကာလအတွင်း Gold Goblet ရုပ်ရှင်ဖိုရမ်နှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” ရုပ်ရှင်သီတင်းပတ် အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။ ရုပ်ရှင်ပြသမှု အခမ်းအနားများကို ဇွန်လ ၂၈ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး၊ ယခုနှစ်တွင် ပြည်တွင်းပြည်ပမှ ရုပ်ရှင်ဇာတ်ကားပေါင်း ၄၂၀ ကျော် ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။

news-view-count-icon

6