ကချင်ပြည်နယ် နမ္မတီးမြို့တွင် ၃ ရက်ဆက် မိုးသည်းထန်စွာရွာသွန်းသဖြင့် နမ္မတီးချောင်းရေတက်ကာ မြို့တွင်းသို့ ရေဝင်ရောက်နေသည်။ လက်ရှိတွင် သစ္စာ၊ ဝါအောင်၊ မြို့ဦး၊ ရွှေလီ စသည့် ရပ်ကွက်များနှင့် သကြားစက်ဘေးတို့တွင် ရေမြင့်တက်နေသည်။ မိုးကောင်းမြို့တွင်လည်း နန့်ယင်းချောင်းရေသည် စိုးရိမ်ရေမှတ်ထက် ၁ ပေခွဲကျော်လွန်နေပြီး မိုးဆက်ရွာပါက နမ္မတီးတွင် ရေပိုကြီးလာနိုင်သဖြင့် ရေဘေးအန္တရာယ် ကြိုတင်သတိပြုရန် နှိုးဆော်ထားသည်။ ထို့ပြင် မိုးကောင်းမြို့ပေါ်နှင့် ဖားကန့်မြို့တို့တွင်လည်း မိုးရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုမှုများ ဖြစ်ပွားနေသည်။



