ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ (ကျားဖြန့်) အခြေချလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများမှ တရားမဝင်အဆောက်အအုံများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဖြိုချဖျက်ဆီးလျက်ရှိရာ ဇွန်လ ၂၁ ရက်အထိ အဆောက်အအုံ ၆၂ လုံးကို ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဇွန်လ ၂၁ ရက်တွင်လည်း ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၇ ထပ် လူနေအဆောက်အအုံ ၁ လုံးကို ထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချခဲ့သည်။အာဏာပိုင်များအနေဖြင့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုများတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံ ၇၇ လုံးကို ဖော်ထုတ်ထားပြီး၊ ယင်းအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲဖျက်ဆီးရမည့် အဆောက်အအုံ ၂၀ လုံးဟု ခွဲခြားသတ်မှတ်ကာ ဖျက်ဆီးနေခြင်းဖြစ်သည်။ လက်ရှိတွင် ၆၂ လုံးကို ဖျက်ဆီးပြီးစီးခဲ့ပြီဖြစ်၍ ကျန်ရှိနေသည့် တရားမဝင်အဆောက်အအုံ ၁၉ လုံးကိုလည်း စနစ်တကျ ဆက်လက်ဖျက်ဆီးသွားမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံများနှင့်ပါ ပူးပေါင်းကာ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်၊မြဝတီမြို့နယ်ရှိ အွန်လိုင်းလိမ်လည်မှုစင်တာ တရားမဝင်အဆောက်အအုံ ၆၂ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်
Jun 22 • 1:39 AM
Myanmar
Kayin
Share
| 19 | 0 | 0 | 0 |


