ထိုင်းနိုင်ငံ၊ လယောင်မြို့နယ်တွင် အီလက်ထရောနစ်စက်ရုံ၌ အလုပ်လုပ်ကိုင်ရန် ပွဲစားဖြစ်သူအား အလုပ်စမတ်ခအဖြစ် ထိုင်းဘတ်ငွေ ၅,၀၀၀ မှ ၇,၅၀၀ အထိ ပေးဆောင်ခဲ့ရသည့် မြန်မာလုပ်သား ၁၉ ဦးသည် ဇွန်လ ၁ ရက်တွင် အလုပ်ဝင်ရောက်ခဲ့ပြီးနောက် ၁၅ ရက်အကြာတွင် အလုပ်ဖြုတ်ခံခဲ့ရကြောင်း သိရသည်။ အလုပ်ဖြုတ်ခံရမှုအပေါ် ပွဲစားဖြစ်သူက တာဝန်ယူရန် ငြင်းဆန်ခဲ့ခြင်းကြောင့် နစ်နာသူလုပ်သားများက WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့ရာ ဇွန်လ ၁၉ ရက်တွင် သက်ဆိုင်ရာမြို့နယ်ရုံး၌ ပွဲစားအား ခေါ်ယူဖြေရှင်းပေးခဲ့သဖြင့် အလုပ်သမားများ၏ စမတ်ကြေးငွေများ အားလုံး ပြန်လည်ရရှိခဲ့ပြီး လုပ်ခလစာများကိုမူ လာမည့် ဇူလိုင် ၇ ရက်တွင် ပေးချေရန် ကတိပြုချက် ရရှိခဲ့သည်။ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ယခုကဲ့သို့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် မကြာခဏ ရင်ဆိုင်နေရသဖြင့် အလုပ်အကိုင်ရှာဖွေရာတွင် စိတ်ချယုံကြည်ရသည့် အေဂျင်စီများနှင့်သာ ချိတ်ဆက်ရန်နှင့် အခက်အခဲရှိပါက ခိုင်လုံသော အထောက်အထားများနှင့်အတူ သက်ဆိုင်ရာ အလုပ်သမားရုံးများတွင် တိုင်ကြားကြရန် အလုပ်သမားအရေး ကူညီပေးနေသူများက နှိုးဆော်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်စမတ်ခ ဘတ် ၇,၀၀၀ ကျော် ပေးခဲ့ရသည့် မြန်မာလုပ်သား ၁၉ ဦး အလုပ်ဝင်ပြီး ၁၅ ရက်အကြာတွင် အလုပ်ဖြုတ်ခံရ
Jun 21 • 12:13 PM
Thailand
Local News
Share
| 8 | 0 | 0 | 0 |


