back

ပြင်ဦးလွင်၌ လယ်ယာမြေ တရားမဝင် ကွက်စိပ်ရိုက်ခြင်းကို တင်းကျပ်သည့် ညွှန်ကြားချက် ၇ ချက်ဖြင့် အရေးယူမည်ဖြစ်၍ အိမ်ခြံမြေဈေးကွက် အေးစက်သွား

Jun 21 • 12:12 PM

breaking-news

Myanmar

Mandalay

cover

ပြင်ဦးလွင်၌ လယ်ယာမြေ တရားမဝင် ကွက်စိပ်ရိုက်ခြင်းကို တင်းကျပ်သည့် ညွှန်ကြားချက် ၇ ချက်ဖြင့် အရေးယူမည်ဖြစ်၍ အိမ်ခြံမြေဈေးကွက် အေးစက်သွား

ပြင်ဦးလွင်ခရိုင်အတွင်း လယ်ယာမြေများပေါ်တွင် တရားမဝင် ကွက်စိပ်ရိုက်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် လူမှုကွန်ရက်ပေါ်တွင် ရောင်းချခြင်းများကို ထိရောက်စွာ အရေ...

ပြင်ဦးလွင်ခရိုင်အတွင်း လယ်ယာမြေများပေါ်တွင် တရားမဝင် ကွက်စိပ်ရိုက်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် လူမှုကွန်ရက်ပေါ်တွင် ရောင်းချခြင်းများကို ထိရောက်စွာ အရေးယူမည့် တင်းကျပ်သည့် လမ်းညွှန်ချက် (၇) ချက်ကို ဇွန်လ ၉ ရက်က ထုတ်ပြန်လိုက်ပြီးနောက် ပြင်ဦးလွင် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်များ သိသိသာသာ အေးစက်သွားကြောင်း သိရသည်။ အဆိုပါ ညွှန်ကြားချက်အရ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နောက်ပိုင်း လယ်မြေပေါ်တွင် ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ပြီး၊ လတ်တလောတွင်လည်း ရတနာပုံမြို့သစ်စီမံကိန်းနယ်မြေ၊ လမ်းနယ်နှင့် စီမံကိန်းနယ်မြေများနှင့် မလွတ်ကင်းသည့် သုံးထောင်ကျေးရွာရှိ ဆိုင်ခန်းနှင့် နေအိမ် ၁၀၀ ကျော် အပါအဝင် အဆောက်အအုံအချို့ ဖယ်ရှားရှင်းလင်းခံရမှုများ ရှိနေသည်။ ထို့ကြောင့် ပြင်ဦးလွင်ဒေသတွင် မြေယာဝယ်ယူလိုသူများအနေဖြင့် လောဘရှေ့ထားကာ အလျင်စလို မဝယ်ယူဘဲ မိမိဝယ်ယူမည့် မြေကွက်သည် တရားဝင် အခြားနည်းအသုံးပြုခွင့် (ဥပမာ- ပုံစံ ၁၀၅) ကျပြီးသား ဟုတ်မဟုတ်ကို သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့များတွင် သေချာစွာ စိစစ်မေးမြန်းပြီးမှသာ ဝယ်ယူကြရန် မြေအကျိုးဆောင်များက သတိပေး တိုက်တွန်းထားသည်။

news-view-count-icon

16