(၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri Abhay Thakur တို့ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။ အခမ်းအနားတွင် အိန္ဒိယသံအမတ်ကြီးက ယောဂလေ့ကျင့်ခြင်းသည် ကျန်းမာရေးကို များစွာအထောက်အကူပြုပြီး ပိုမိုကျန်းမာကြံ့ခိုင်သည့် လူမှုဘဝကို ပိုင်ဆိုင်နိုင်စေသဖြင့် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင် လေ့ကျင့်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနား တက်ရောက်လာသူများသည် ယောဂနည်းပြဆရာမနှင့်အတူ မိနစ် ၄၀ ခန့် ယောဂလေ့ကျင့်ခန်းများကို အတူတကွ စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Jun 21 • 12:11 PM
Myanmar
Yangon
Share
| 11 | 0 | 0 | 0 |


