ပညာသင်ကြားရေးနယ်ပယ်အပေါ် ဆိုးကျိုးသက်ရောက်မှုများကို တားဆီးရန်အတွက် နော်ဝေအစိုးရက အခြေခံပညာကျောင်းသားများ၏ ဖန်တီးထုတ်လုပ်မှုဉာဏ်ရည်တု (Generative AI) အသုံးပြုမှုကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ယိုနက်စ် ဂါး စတိုးရေးက ဇွန်လ ၁၉ ရက်တွင် ကြေညာခဲ့သည်။ AI နည်းပညာကို အလွန်အကျွံသုံးစွဲခြင်းကြောင့် ကျောင်းသားများအနေဖြင့် စာဖတ်ခြင်း၊ စာရေးခြင်းနှင့် သင်္ချာတွက်ချက်ခြင်းကဲ့သို့သော အခြေခံပညာသင်ကြားရေး အဆင့်များကို လွဲချော်သွားနိုင်ကြောင်း ၎င်းက ထောက်ပြထားသည်။ အဆိုပါအစီအစဉ်အရ အသက် ၆ နှစ်မှ ၁၃ နှစ်အကြား ကျောင်းသားငယ်များကို AI အသုံးပြုခွင့် လုံးဝပိတ်ပင်မည်ဖြစ်ပြီး၊ အသက် ၁၄ နှစ်မှ ၁၆ နှစ်အကြား ကျောင်းသားများကိုမူ ဆရာ၊ ဆရာမများ၏ ကြီးကြပ်မှုဖြင့်သာ အသုံးပြုခွင့်ပေးမည်ဖြစ်သည်။ နော်ဝေအစိုးရသည် ၂၀၂၄ ခုနှစ်ကတည်းက စာသင်ကျောင်းများ၌ စမတ်ဖုန်းအသုံးပြုမှုကို ပိတ်ပင်ထားခဲ့ကြောင်းလည်း သိရသည်။
Jun 21 • 12:07 PM
Myanmar
International
Share
| 18 | 0 | 0 | 0 |


