back

တောင်ကြီးမြို့၌ လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ ဖမ်းဆီးရမိ

Jun 21 • 8:34 AM

breaking-news

Myanmar

Shan

cover

တောင်ကြီးမြို့၌ လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ တောင်တန်းရှည်လမ်းပေါ်တွင် ယမန်နေ့ ဇွန်လ ၂၀ ရက် ည ၇ နာရီခန့်က ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ တောင်တန်းရှည်လမ်းပေါ်တွင် ယမန်နေ့ ဇွန်လ ၂၀ ရက် ည ၇ နာရီခန့်က ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်စဉ် လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ လမ်းလျှောက်လာသူ ငြိမ်းချမ်း (ခ) အိုစမန်း ကို စစ်ဆေးရှာဖွေခဲ့ရာ ၎င်း၏လွယ်အိတ်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ ပြားကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ ငြိမ်းချမ်း (ခ) အိုစမန်းအား တောင်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

16