back

ကချင်ပြည်နယ်၊ဖားကန့်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းရေ မြင့်တက်လာသဖြင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပွား

Jun 21 • 8:27 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊ဖားကန့်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းရေ မြင့်တက်လာသဖြင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဥရုချောင်းရေ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ယနေ့ ဇွန် ၂၁ ရက် နံနက်အစောပိုင်းမှစတင်ကာ ကျောက်...

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဥရုချောင်းရေ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ယနေ့ ဇွန် ၂၁ ရက် နံနက်အစောပိုင်းမှစတင်ကာ ကျောက်ဝိုင်းရပ်ကွက် အပါအဝင် အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ချောင်းရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ရေဝင်ရောက်မှု မြန်ဆန်ခြင်းကြောင့် အနိမ့်ပိုင်းနေအိမ်များ၏ ကြမ်းခင်းများ မြုပ်ရုံသာမက လမ်းအချို့တွင် ခါးလယ်ခန့်အထိ ရေမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် ရေနစ်မြုပ်မှုဒဏ် ခံရသည့် နေအိမ်များမှ ပြည်သူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိပြီး၊ သဘာဝဘေးအန္တရာယ်နှင့်အတူ ကြုံတွေ့လာနိုင်သည့် နောက်ဆက်တွဲဖြစ်စဉ်များကို သတိပြုကြရန် နှိုးဆော်သတိပေးထားကြောင်း သိရသည်။

news-view-count-icon

7