back

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီကင်ဆာလူနာ လေးဦးကို ခြင်ဆီအစားထိုးကုသခြင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့

Jun 21 • 8:26 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီကင်ဆာလူနာ လေးဦးကို ခြင်ဆီအစားထိုးကုသခြင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့

ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာန ခြင်ဆီအစားထိုးဌာန (Bone Marrow Transplant Center) သို့ ၂၀၂၆ ခုနှစ် မေလက တက်ရောက်ခဲ့သည့် ခြင်ဆီကင်ဆာလူနာ လေးဦးကို ကျန...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာန ခြင်ဆီအစားထိုးဌာန (Bone Marrow Transplant Center) သို့ ၂၀၂၆ ခုနှစ် မေလက တက်ရောက်ခဲ့သည့် ခြင်ဆီကင်ဆာလူနာ လေးဦးကို ကျန်းမာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှု၊ အထူးကုဆရာဝန်ကြီးများနှင့် ကျွမ်းကျင်သူနာပြုများအဖွဲ့၏ ပူးပေါင်းမှုဖြင့် ခြင်ဆီအစားထိုးကုသခြင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါလူနာ လေးဦးစလုံး ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဇွန် ၁၂ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီ ဖြစ်သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၁၆ ခုနှစ်မှစတင်၍ ယခုအချိန်အထိ ခြင်ဆီအစားထိုးကုသမှု စုစုပေါင်း (၃၃) ဦးအထိ အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ ပြည်သူများ ပြည်ပသို့ သွားရောက်ကုသရန် မလိုဘဲ ကုန်ကျစရိတ် သက်သာစေရေးအတွက် ပြည်တွင်း၌ အဆိုပါကုသမှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

8