စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် ချင်းတွင်းမြစ် ရေထိန်းတာဘောင်များ ကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်ထားရှိပြီး ရေဝင်ရောက်နိုင်သည့် နေရာများကိုလည်း သဲအိတ်များဖြင့် ပိတ်ဆို့ကာရံထားကြောင်း သိရသည်။ ထို့ပြင် ရေဘေးအန္တရာယ် ကြုံတွေ့လာပါက အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမြန်ရေယာဉ် (Speed Boat) များကို ကြိုတင်စီမံထားရှိကာ ဇာတ်တိုက်လေ့ကျင့်မှုများလည်း ပြုလုပ်လျက်ရှိသည်။ အဆိုပါ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ဇွန်လ ၂၀ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ချင်းတွင်းမြစ်ရေကြီးချိန်အတွင်း ရှာဖွေကယ်ဆယ်ရေးနှင့် သက်ကယ်ပစ္စည်းများ အဆင်သင့်ရှိစေရေးနှင့် တာဘောင်များ ကြံ့ခိုင်မှုရှိစေရေးအတွက် စနစ်တကျ ကြိုတင်ပြင်ဆင်ထားရန် မှာကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် ချင်းတွင်းမြစ် ရေထိန်းတာဘောင်များ ကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်ထားရှိပြီး ရေဝင်ရောက်နိုင်သည့် နေရာများကိုလည်း သဲအိတ်များဖြင့် ပိတ်ဆို့ကာရံထားကြောင်း သိရသည်။ ထို့ပြင် ရေဘေးအန္တရာယ် ကြုံတွေ့လာပါက အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမြန်ရေယာဉ် (Speed Boat) များကို ကြိုတင်စီမံထားရှိကာ ဇာတ်တိုက်လေ့ကျင့်မှုများလည်း ပြုလုပ်လျက်ရှိသည်။ အဆိုပါ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ဇွန်လ ၂၀ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ချင်းတွင်းမြစ်ရေကြီးချိန်အတွင်း ရှာဖွေကယ်ဆယ်ရေးနှင့် သက်ကယ်ပစ္စည်းများ အဆင်သင့်ရှိစေရေးနှင့် တာဘောင်များ ကြံ့ခိုင်မှုရှိစေရေးအတွက် စနစ်တကျ ကြိုတင်ပြင်ဆင်ထားရန် မှာကြားခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း မုံရွာမြို့၌ မိုးရာသီအတွင်း ရေကြီးရေလျှံမှု ကာကွယ်နိုင်ရန် ချင်းတွင်းမြစ်တာဘောင် ကြံ့ခိုင်မှုများ ပြုလုပ်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်
Jun 21 • 11:00 AM
Myanmar
Sagaing
Share
| 7 | 0 | 0 | 0 |


