back

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ရှိ ဒွိုင်လန်းဥမင်ရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်းခွင်၌ နံရံပြိုကျမှုဖြစ်ပွားပြီး လူ ၂ ဦး သေဆုံးကာ လုပ်ငန်းများ ၂ ရက် ရပ်နားထား

Jun 21 • 8:13 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ရှိ ဒွိုင်လန်းဥမင်ရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်းခွင်၌ နံရံပြိုကျမှုဖြစ်ပွားပြီး လူ ၂ ဦး သေဆုံးကာ လုပ်ငန်းများ ၂ ရက် ရပ်နားထား

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်ခရိုင်ရှိ ဒွိုင်လန်းဥမင်ရထားလမ်း ဖောက်လုပ်မှုလုပ်ငန်းခွင်၌ ဇွန်လ ၂၀ ရက် မွန်းလွဲပိုင်းက ဥမင်ရေစိုခံစနစ် တပ်ဆင်နေစဉ် နံရံတစ...

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်ခရိုင်ရှိ ဒွိုင်လန်းဥမင်ရထားလမ်း ဖောက်လုပ်မှုလုပ်ငန်းခွင်၌ ဇွန်လ ၂၀ ရက် မွန်းလွဲပိုင်းက ဥမင်ရေစိုခံစနစ် တပ်ဆင်နေစဉ် နံရံတစ်ခု ပြိုကျခဲ့သဖြင့် လူ ၂ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် ထိုင်းအစိုးရ မီးရထားဝန်ကြီးဌာနက လုပ်ငန်းစဉ်များကို ၂ ရက်တာ ယာယီရပ်နားထားပြီး မည်သည့်အကြောင်းကြောင့် ဖြစ်ပွားရသည်ကို ကျွမ်းကျင်သူများနှင့် စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း၊ အာဏာပိုင်များအနေဖြင့် သေဆုံးဒဏ်ရာရသူများ၏ မိသားစုဝင်များကို လိုအပ်သော ထောက်ပံ့မှုများနှင့် နစ်နာကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

news-view-count-icon

10