ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မဲနယ်တောင်ကျေးရွာအုပ်စုအတွင်း ခဲနှင့် ခနောက်စိမ်း ဆက်စပ်သတ္တုတူးဖော်ရန် ကုမ္ပဏီ ၄ ခုက လုပ်ကွက် ၅ နေရာ လျှောက်ထားမှုအပေါ် သဘာဝပတ်ဝန်းကျင်နှင့် စိုက်ပျိုးမြေ၊ ရွာမြေ၊ ရေထွက်ဧရိယာများ ပျက်စီးမည်ကို စိုးရိမ်သဖြင့် ဒေသခံများက ကန့်ကွက်ရန် ဥပဒေကျွမ်းကျင်သူများနှင့် တိုင်ပင်ပြင်ဆင်နေကြကြောင်း သိရသည်။ အဆိုပါလုပ်ကွက်များကို ဇူလိုင် ၁ ရက်မတိုင်မီ ကန့်ကွက်နိုင်ကြောင်း မြေစာရင်းဌာနက ကြေညာထားသဖြင့် ဇွန် ၁၉ ရက်တွင် ကျေးရွာအုပ်စုမှ ဆရာတော်နှင့် ဒေသခံများက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနရုံးသို့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ တစ်ဖက်တွင်လည်း ရွာငံမြို့နယ်၌လည်း သတ္တုပြန်လည်တူးဖော်ရန် ပြင်ဆင်မှုများ ရှိနေကြောင်း သိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ပင်းတယမြို့နယ် မဲနယ်တောင်ကျေးရွာအုပ်စုရှိ သတ္တုတူးဖော်မည့် လုပ်ကွက် ၅ ခုကို ဒေသခံများ ကန့်ကွက်ရန် ပြင်ဆင်နေ
Jun 21 • 8:09 AM
Myanmar
Shan
Share
| 9 | 0 | 0 | 0 |


