back

တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ “အာဟာရပြည့်ဝ ကလေးငယ်တို့ဘဝ” စီမံကိန်းကြောင့် လှိုင်သာယာရှိ မူလတန်းကျောင်းသား ၅,၀၀၀ ကျော် ကျောင်းတက်နှုန်းနှင့် ကျန်းမာရေး ပိုမိုကောင်းမွန်လာ

Jun 21 • 8:14 AM

breaking-news

Myanmar

Yangon

cover

တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ “အာဟာရပြည့်ဝ ကလေးငယ်တို့ဘဝ” စီမံကိန်းကြောင့် လှိုင်သာယာရှိ မူလတန်းကျောင်းသား ၅,၀၀၀ ကျော် ကျောင်းတက်နှုန်းနှင့် ကျန်းမာရေး ပိုမိုကောင်းမွန်လာ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ မူလတန်းကျောင်း ၁၀ ကျောင်းတွင် တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ၂၀၂၃ ခုနှစ်မှစတင်ကာ “အာဟာရပ...

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ မူလတန်းကျောင်း ၁၀ ကျောင်းတွင် တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ၂၀၂၃ ခုနှစ်မှစတင်ကာ “အာဟာရပြည့်ဝ ကလေးငယ်တို့ဘဝ” စီမံကိန်း (Smiling Children Program) ဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် အစားအစာနှင့် အဆောက်အအုံများ ကူညီပံ့ပိုးပေးလျက်ရှိရာ နှစ်စဉ် ကလေးငယ်ပေါင်း ၅,၀၀၀ ကျော် အကျိုးခံစားခွင့် ရရှိနေကြောင်း သိရသည်။ ယင်းစီမံကိန်းတွင် ကျောင်းသားမိခင်များဖြင့် ဖွဲ့စည်းထားသော “အမေများအဖွဲ့” က ဈေးဝယ်ခြင်း၊ အာဟာရမျှတအောင် ချက်ပြုတ်ပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပေးသဖြင့် မိခင်များအတွက် တည်ငြိမ်သောဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေခဲ့သည်။ ထိုသို့ ကျောင်းတွင် နံနက်စာနှင့် နေ့လယ်စာများကို အခမဲ့ ပတ်ပတ်လည် မျှတစွာ ကျွေးမွေးနိုင်မှုကြောင့် ယခင်က ကလေးငယ်အချို့ ထမင်းချိုင့်မပါသည့် အခက်အခဲများ ပြေလည်သွားသည့်အပြင် ကလေးငယ်များ၏ ကျောင်းတက်နှုန်း မြင့်မားလာပြီး စာသင်ကြားရာတွင်လည်း ပိုမိုအာရုံစိုက်လာနိုင်ကြောင်း ဆရာမများနှင့် ကျောင်းသားမိဘများ၏ ပြောကြားချက်အရ သိရသည်။

news-view-count-icon

9