သီရိလင်္ကာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစတင်ကာ ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု သိသိသာသာမြင့်တက်လာရာ လက်ရှိတွင် ကူးစက်ခံရသူ ၄၄,၀၀၀ ကျော်နှင့် သေဆုံးသူ ၂၈ ဦးအထိ ရှိလာကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် အစိုးရဆေးရုံများတွင် လူနာများပြားကာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ဖိအားများ ဖြစ်ပေါ်နေသည်။ ကျန်းမာရေးအာဏာပိုင်များ၏ သုံးသပ်ချက်အရ သီရိလင်္ကာတွင် မိုးရာသီ၌ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလေ့ရှိသော်လည်း၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုက်ကလုန်းမုန်တိုင်း “ဒစ်ဝါ” ကြောင့် ဖြစ်ပေါ်ခဲ့သော ရေဝပ်ဒေသများနှင့် ပတ်ဝန်းကျင်အပျက်အစီးများက ယခုနှစ်တွင် ရောဂါကူးစက်မှုကို ပိုမိုဆိုးရွား ပြင်းထန်စေခဲ့ကြောင်း သိရသည်။
သီရိလင်္ကာတွင် မုန်တိုင်းနောက်ဆက်တွဲကြောင့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ပြင်းထန်နေပြီး ယခုနှစ်အတွင်း လူနာ ၄၄,၀၀၀ ကျော်နှင့် သေဆုံးသူ ၂၈ ဦးရှိလာ
Jun 21 • 7:51 AM
Myanmar
International
Share
| 13 | 0 | 0 | 0 |


