back

မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုရန် မိုးဇလသတိပေး

Jun 21 • 7:54 AM

breaking-news

Myanmar

Local

cover

မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုရန် မိုးဇလသတိပေး

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး ယင်းမိုးတိမ်တောင်များ ရွေ့လျားရာ လမ်းကြောင်းတစ်လျှော...

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး ယင်းမိုးတိမ်တောင်များ ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်၌ လေပြင်းတိုက်ခတ်ခြင်း အပါအဝင် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ ကြိုတင်သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၂၀ ရက် ညနေပိုင်းတွင် သတိပေးထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ တိုင်းဒေသကြီးများနှင့် ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေကြောင်း သိရသည်။

news-view-count-icon

19