ဂျာမနီနိုင်ငံ မြူးနစ်မြို့အနီးရှိ တံတားတစ်စင်းပေါ်တွင် ဇွန်လ ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီ ၄၀ မိနစ်ခန့်က ကုန်တင်ရထားနှစ်စင်း တိုက်မိပြီး ရထားလမ်းချော်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပြီး ရထားကုန်တွဲနှစ်တွဲမှာ တံတားအောက်ရှိ လမ်းပေါ်သို့ ပြုတ်ကျခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရထားနှစ်စင်း တိုက်မိရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ရထားများတွင် တင်ဆောင်လာသည့် ကုန်ပစ္စည်းအမျိုးအစားကို အတိအကျမသိရသေးသော်လည်း အန္တရာယ်ရှိသည့် ဓာတုပစ္စည်းများ ပါဝင်ခြင်းမရှိသဖြင့် လက်ရှိတွင် အများပြည်သူအတွက် ဘေးအန္တရာယ်မရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။
Jun 21 • 7:48 AM
Myanmar
International
Share
| 15 | 0 | 0 | 0 |


