back

ရန်ကုန်မြို့ ကန်တော်ကြီးရေပြင်၌ သဘာဝဘေးတုံ့ပြန်ရေး အသင့်ဖြစ်စေရန် မီးသတ်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ ပူးတွဲစွမ်းရည်ပြသ

Jun 21 • 7:43 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့ ကန်တော်ကြီးရေပြင်၌ သဘာဝဘေးတုံ့ပြန်ရေး အသင့်ဖြစ်စေရန် မီးသတ်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ ပူးတွဲစွမ်းရည်ပြသ

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးဆောင်သည့် ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြအခမ်းအနားကို ဇွန်လ ၂၀ ရက်က ရန်ကုန်မြို့ ကန်တော်ကြီးရေ...

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးဆောင်သည့် ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြအခမ်းအနားကို ဇွန်လ ၂၀ ရက်က ရန်ကုန်မြို့ ကန်တော်ကြီးရေပြင်၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပရဟိတစိတ်၊ ရဲဝံ့စွန့်စားစိတ်နှင့် တာဝန်သိစိတ်တို့ဖြင့် သဘာဝဘေးအန္တရာယ်များကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အမြဲမပြတ်လေ့ကျင့်ထားကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားကာ တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ ပူးတွဲသရုပ်ပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

9