ရန်ကုန်မြို့ရှိ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းပေါ်မှ တာမွေအဆင့်မြင့်ဈေး တည်ဆောက်ရေးလုပ်ငန်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့်ရှိ တည်ဆောက်ရေး ပြီးစီးရန် နီးကပ်နေပြီဖြစ်သော မင်္ဂလာဈေးသစ် တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ ရန်ကုန်မြို့တော်ဝန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ တာမွေအဆင့်မြင့်ဈေး စီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် One One One Co.,Ltd တို့က လုပ်ငန်းအကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့အတွင်း အဆင့်မြင့်ဈေးသစ်များကို ဆက်လက်တည်ဆောက်နေခြင်း ဖြစ်သည်။
ရန်ကုန်မြို့တော်ရှိ တာမွေအဆင့်မြင့်ဈေးနှင့် မင်္ဂလာဈေးသစ် တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး ပြီးစီးရန် နီးကပ်နေပြီဖြစ်
Jun 21 • 7:42 AM
Myanmar
Yangon
Share
| 9 | 0 | 0 | 0 |


