back

ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်၌ တရားမဝင် လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှု မရှိစေရန်နှင့် မိုးရာသီအန္တရာယ် ကင်းရှင်းရေးအတွက် YESC အဖွဲ့ ကွင်းဆင်းစစ်ဆေး

Jun 21 • 7:40 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်၌ တရားမဝင် လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှု မရှိစေရန်နှင့် မိုးရာသီအန္တရာယ် ကင်းရှင်းရေးအတွက် YESC အဖွဲ့ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်အတွင်း တရားမဝင် လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှု မရှိစေရန်အတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) မှ တာဝန်ရှိသူများက ဇွ...

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်အတွင်း တရားမဝင် လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှု မရှိစေရန်အတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) မှ တာဝန်ရှိသူများက ဇွန် ၁၈ ရက်တွင် ကွင်းဆင်း၍ "0" ယူနစ်ဖြစ်ပေါ်နေသည့်မီတာများ၊ ပျမ်းမျှနှုန်းဖြင့် ကောက်ခံနေသည့်မီတာများနှင့် AMI မီတာစနစ်သုံး DCU များ မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးခဲ့ကြသည်။ ထို့ပြင် တာဝန်ရှိသူများက တရားမဝင်ဓာတ်အားသုံးစွဲမှုများကို စိစစ်ဖော်ထုတ်ရန်၊ ဝန်ထမ်းများကိုယ်တိုင် မီတာဖတ်၍ စနစ်တကျ မှတ်တမ်းတင်ရန်၊ အများပြည်သူ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် မိုးရာသီတွင် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းရန် မှာကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

8