back

ယူအေအီး၌ ၂၀၃၂ ခုနှစ်တွင် စတင်မည့် ဒူဘိုင်းလေဆိပ်သစ်တွင် တာမီနယ်များသို့ မြေအောက်ရထားဖြင့် သွားနိုင်မည်ဖြစ်ပြီး Check-in တန်းစီစရာပါ မလိုတော့

Jun 21 • 7:01 AM

breaking-news

UAE

Local News

cover

ယူအေအီး၌ ၂၀၃၂ ခုနှစ်တွင် စတင်မည့် ဒူဘိုင်းလေဆိပ်သစ်တွင် တာမီနယ်များသို့ မြေအောက်ရထားဖြင့် သွားနိုင်မည်ဖြစ်ပြီး Check-in တန်းစီစရာပါ မလိုတော့

ဒူဘိုင်းအစိုးရသည် ကမ္ဘာ့အလုပ်အများဆုံး ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ် (DXB) ရှိ လုပ်ငန်းဆောင်တာအားလုံးကို လာမည့် ၂၀၃၂ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး လေဆိပ်သစ်ကြီးဖြ...

ဒူဘိုင်းအစိုးရသည် ကမ္ဘာ့အလုပ်အများဆုံး ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ် (DXB) ရှိ လုပ်ငန်းဆောင်တာအားလုံးကို လာမည့် ၂၀၃၂ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး လေဆိပ်သစ်ကြီးဖြစ်လာမည့် အယ်လ်မက်တွန် အပြည်ပြည်ဆိုင်ရာလေဆိပ် (Al Maktoum International Airport - DWC) သို့ အပြီးသတ်ပြောင်းရွှေ့ရန် ပြင်ဆင်လျက်ရှိရာ၊ ခရီးသည်များအတွက် အလွန်ခေတ်မီဆန်းသစ်မည့် လေဆိပ်အတွေ့အကြုံသစ်များကို ဒူဘိုင်းလေဆိပ် အမှုဆောင်အရာရှိချုပ် Paul Griffiths က ထုတ်ဖော်ပြောကြားခဲ့သည်။ဒိုင်ဟမ် ၁၂၈ ဘီလီယံတန်ဖိုးရှိ အဆိုပါလေဆိပ်မဂ္ဂါစီမံကိန်းကြီးသည် စတုရန်းကီလိုမီတာ ၇၀ ကျော် ကျယ်ဝန်းပြီး တစ်နှစ်လျှင် ခရီးသည် သန်း ၂၆၀ အထိ လက်ခံနိုင်ရန် ရည်မှန်းထားသည်။ လေဆိပ်ကြီးလွန်းသဖြင့် လေဆိပ်အတွင်း တာမီနယ်အချင်းချင်းနှင့် ခရီးစဉ်အကူးအပြောင်း (Transfer) ပြုလုပ်မည့် ခရီးသည်များ သွားလာရလွယ်ကူစေရန် လေဆိပ်အတွင်း ထိုင်ခုံပါဝင်သော မြန်နှုန်းမြင့် မြေအောက်ရထားစနစ် (Underground train system) တစ်ခုကို ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး လေဆိပ်တစ်နေရာမှ တစ်နေရာသို့ ၁၅ မိနစ်မှ မိနစ် ၂၀ ခန့်သာ ကြာမြင့်မည်ဖြစ်သည်။ထို့အပြင် လေဆိပ်သစ်တွင် ခရီးသည်များ အချိန်ကုန်သက်သာစေရန် ခေတ်ဟောင်း Check-in ကောင်တာများနှင့် တန်းစီစောင့်ဆိုင်းရသည့်စနစ်များကို လုံးဝဖျက်သိမ်းကာ ဒစ်ဂျစ်တယ်စနစ်နှင့် မျက်နှာမှတ်မိခြင်းနည်းပညာ (Biometrics) ကို အသုံးပြုသွားမည်ဖြစ်သည်။ ခရီးသည်များ လေဆိပ်သို့ ရောက်ရှိလာချိန်တွင် ပစ္စည်းသယ်ယူပို့ဆောင်ရေး စက်ရုပ်စနစ်များက ခရီးဆောင်အိတ်များကို မိနစ်ပိုင်းအတွင်း အလိုအလျောက်ကူညီကိုင်တွယ်ပေးမည်ဖြစ်ပြီး၊ လေဆိပ် Express ရထားလိုင်းအသစ်များပေါ်တွင်လည်း ကြိုတင် Check-in ဝင်နိုင်မည့် စနစ်များကို ထည့်သွင်းရန် စီစဉ်နေကြောင်း သိရသည်။

news-view-count-icon

8