back

တောင်ကိုရီးယား၌ ကြက်ဥစျေးနှုန်းများ ဆက်တိုက်မြင့်တက်နေ၍ ပြည်ပမှ ကြက်ဥတင်သွင်းမှုပမာဏကို တိုးမြှင့်သွားရန် အစိုးရ ပြင်ဆင်

Jun 21 • 6:35 AM

breaking-news

South Korea

Local News

cover

တောင်ကိုရီးယား၌ ကြက်ဥစျေးနှုန်းများ ဆက်တိုက်မြင့်တက်နေ၍ ပြည်ပမှ ကြက်ဥတင်သွင်းမှုပမာဏကို တိုးမြှင့်သွားရန် အစိုးရ ပြင်ဆင်

တောင်ကိုရီးယား စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့် ဆောင်းရာသီက ဖြစ်ပွားခဲ့သော ပြင်းထန်ငှက်ဖျားရောဂါ (AI) ကြောင့် ပြ...

တောင်ကိုရီးယား စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့် ဆောင်းရာသီက ဖြစ်ပွားခဲ့သော ပြင်းထန်ငှက်ဖျားရောဂါ (AI) ကြောင့် ပြည်တွင်း၌ ကြက်ဥထုတ်လုပ်မှု ကျဆင်းပြီး ဈေးနှုန်းများ မြင့်တက်နေမှုကို ဖြေရှင်းရန်အတွက် ဇူလိုင်လကုန်အထိ တစ်ပတ်လျှင် ပြည်ပသွင်းကြက်ဥ ၄.၄၈ သန်းခန့် ဈေးကွက်ထဲသို့ ဆက်တိုက် ဖြည့်ဆည်းပေးသွားမည်ဟု ထုတ်ပြန်ခဲ့သည်။ယခုအစီအစဉ်အရ အမေရိကန်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းမည့် ကြက်ဥစုစုပေါင်း ၂၁.၁၂ သန်းကို ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ဖြူးပေးမည်ဖြစ်ပြီး စားသုံးသူများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ဇွန်လလယ်ပိုင်း စာရင်းများအရ ကိုရီးယားတွင် ကြက်ဥ အလုံး ၃၀ ပါတစ်ကတ်လျှင် လက်လီဈေး ၇,၅၀၆ ဝမ် (၄.၈၃ ဒေါ်လာခန့်) အထိ ရှိနေပြီး ယခင်နှစ်ထက် ၇.၁ ရာခိုင်နှုန်း မြင့်တက်နေကာ နေ့စဉ် ပြည်တွင်းကြက်ဥ ထွက်ရှိမှုမှာလည်း ပြီးခဲ့သည့်နှစ်ထက် ၃.၃ ရာခိုင်နှုန်း လျော့နည်းနေသည်။ သို့သော်လည်း လက်ရှိတွင် ကြက်မငယ်များ ဥ စတင်အုနိုင်သည့် အရွယ်သို့ ရောက်ရှိလာပြီဖြစ်၍ လာမည့် ဇူလိုင်လအတွင်း ပြည်တွင်း ကြက်ဥထုတ်လုပ်မှုနှုန်းသည် ယခင်နှစ်က အခြေအနေအတိုင်း ပြန်လည်ကောင်းမွန်လာမည်ဟု ဝန်ကြီးဌာနက ခန့်မှန်းထားသည်။

news-view-count-icon

5