back

မန္တလေးမြို့တွင် နတ်ကိုးကွယ်ယုံကြည်သူများပြားလာ၍ နတ်ရုပ်တုများ အရောင်းသွက်နေ

Jun 21 • 4:33 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးမြို့တွင် နတ်ကိုးကွယ်ယုံကြည်သူများပြားလာ၍ နတ်ရုပ်တုများ အရောင်းသွက်နေ

နိုင်ငံအဝန်းတွင် စီးပွားရေးကြပ်တည်းလာမှု၏ နောက်ဆက်တွဲအဖြစ် နတ်၊ နဂါး၊ သိုက်၊ ဝိဇ္ဇာနှင့် ပုဂ္ဂိုလ်ထူးများကို အလွန်အမင်း အားကိုးလာကြသဖြင့် မန္တလေးမြို့ရှိ ဆင်းတု...


နိုင်ငံအဝန်းတွင် စီးပွားရေးကြပ်တည်းလာမှု၏ နောက်ဆက်တွဲအဖြစ် နတ်၊ နဂါး၊ သိုက်၊ ဝိဇ္ဇာနှင့် ပုဂ္ဂိုလ်ထူးများကို အလွန်အမင်း အားကိုးလာကြသဖြင့် မန္တလေးမြို့ရှိ ဆင်းတုတော်နှင့် နိဗ္ဗာန်ကုန်ဆိုင်များတွင် နတ်ပုံတူရုပ်ထုများ ပုံမှန်ထက် ရောင်းအား ပိုမိုသွက်နေသည်။ မဟာမုနိဘုရားကြီးအနီးရှိ လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် တစ်နှစ်ထက်တစ်နှစ် ဘုရားဆင်းတုတော်များထက် အစ်မတော်စောမွန်လှ၊ မြနန်းနွယ်၊ ဘိုးမင်းခေါင်နှင့် ယက္ကန်းစင်တောင်ဆရာတော် ရုပ်ထုများ ပိုမိုအရောင်းသွက်နေပြီး နေ့စဉ် အမှာစာ (Order) များလည်း ရှိနေကြောင်း သိရသည်။ ရုပ်ထုများကို သစ်သားထွင်းထုခြင်းနှင့် ထုံး၊ ဘိလပ်မြေ ပုံသွင်းခြင်းဟူ၍ အဓိကပြုလုပ်ကြပြီး အရွယ်အစားနှင့် လက်ရာအလိုက် ကျပ် ၅ သောင်းမှ သိန်းဆယ်ဂဏန်းအထိ ရှိကာ ငွေကြေးတတ်နိုင်သူများမှာ သိန်းရာဂဏန်းတန် ဆီလီကွန်ရုပ်တုများကို အထူးမှာယူလေ့ရှိကြသည်။

news-view-count-icon

7