ဂျပန်နိုင်ငံတွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေပြီး အမျိုးသားသဘာဝအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားသည့် ဂျပန်ရွှေလင်းယုန် (Japanese Golden Eagle) မျိုးစိတ်များကို ပြန်လည်ပွားများလာစေရန်အတွက် တိုကျိုမြို့ တာမာတိရစ္ဆာန်ဥယျာဉ် (Tama Zoological Park) ၌ မွေးဖွားခဲ့သော လင်းယုန်ငှက်ငယ်တစ်ကောင်ကို မီယာဂီပြည်နယ်၊ မီနာမီဆန်ရီကု (Minamisanriku) ဒေသရှိ သဘာဝတောတောင်အတွင်းသို့ ယမန်နေ့ က ပထမဆုံးအကြိမ်အဖြစ် တရားဝင်ဘေးမဲ့လွှတ်ပေးခဲ့သည်။အဆိုပါ မီနာမီဆန်ရီကုဒေသသည် ယခင်က ရွှေလင်းယုန်များ ကျက်စားရာဇာတိမြေဖြစ်သော်လည်း ကွင်းပြင်များနှင့် သားကောင်ရှာဖွေရာ နယ်မြေများ လျော့နည်းလာမှုကြောင့် ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် လင်းယုန်များ လုံးဝပျောက်ကွယ်သွားခဲ့ရာ၊ ယခုအခြေအနေကို ကုစားရန် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကစတင်ကာ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများပူးပေါင်းပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် လူထုရန်ပုံငွေ ကန်ဒေါ်လာ ၉၅,၀၀၀ ကျော် ရှာဖွေကာ လင်းယုန်များ ပြန်လည်ကျက်စားနိုင်မည့် နေရာကို ပြင်ဆင်ခဲ့ကြသည်။ ယခုလွှတ်ပေးလိုက်သည့် လင်းယုန်မလေးကို ပြီးခဲ့သည့် မတ်လက မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ ၎င်းအား တောရိုင်းသဘာဝနှင့် ယဉ်ပါးစေရန် သားကောင်အရှင်များဖြင့် ကြိုတင်လေ့ကျင့်ပေးခဲ့ကာ ယခုစီမံကိန်းအရ လာမည့် ၂၀၂၈ ခုနှစ်အထိ တိရစ္ဆာန်ဥယျာဉ်မွေး လင်းယုန်များကို ဤဒေသအတွင်း ၃ ကြိမ်ခွဲ၍ ထပ်မံလွှတ်ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
ဂျပန်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် တိရစ္ဆာန်ဥယျာဉ်၌ မွေးဖွားခဲ့သည့် ဂျပန်ရွှေလင်းယုန်ငှက်ငယ်ကို သဘာဝတောတောင်ထဲသို့ ပြန်လည်လွှတ်ပေး
Jun 21 • 4:30 AM
Japan
Local News
Share
| 7 | 0 | 0 | 0 |


