စနစ်သစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန်လ ၂၇ ရက်နေ့ နံနက် ၄ နာရီတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။ အောင်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ တရားဝင် Website ဖြစ်သော https://result.dme.gov.mm တွင် မိမိတို့၏ ခုံနံပါတ်ကို ရိုက်ထည့်ကာ အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်မည် ဖြစ်သည်။ စာစစ်ဦးစီးဌာနအနေဖြင့် အဆိုပါ Website မှတစ်ဆင့် ကြေညာပေးခြင်းသာဖြစ်ပြီး မည်သည့် Application မှ ထုတ်ဝေထားခြင်းမရှိကြောင်း တရားမဝင် Application များနှင့် ပတ်သက်၍ အလေးအနက် သတိပေးထုတ်ပြန်ထားသည်။



