back

WBC/OPBF Myanmar International ခါးပတ်လုပွဲအတွက် ဝိတ်တန်း ၄ တန်းကို အတည်ပြုထုတ်ပြန်

Jun 21 • 2:49 AM

breaking-news

Myanmar

International

cover

WBC/OPBF Myanmar International ခါးပတ်လုပွဲအတွက် ဝိတ်တန်း ၄ တန်းကို အတည်ပြုထုတ်ပြန်

လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည့် PBM 12 WBC/OPBF Myanmar International Title Match ခါးပတ်ပြိုင်ပွဲအတွက် ယှဉ်ပြိုင်ရမည့် ဝိတ်တန်း ၄ တန်းကို Myanmar Boxing Commi...

လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည့် PBM 12 WBC/OPBF Myanmar International Title Match ခါးပတ်ပြိုင်ပွဲအတွက် ယှဉ်ပြိုင်ရမည့် ဝိတ်တန်း ၄ တန်းကို Myanmar Boxing Commission က အတည်ပြုထုတ်ပြန်လိုက်သည်။ ထည့်သွင်းကျင်းပမည့် ဝိတ်တန်းများမှာ Super Fly၊ Bantam၊ Super Bantam နှင့် Feather တို့ဖြစ်ပြီး ယင်းဝိတ်တန်း ၄ ခုအနက် အကောင်းဆုံး စွမ်းဆောင်နိုင်သည့် ဝိတ်တန်း ၂ တန်းကို တရားဝင် ခါးပတ် ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားများသည် မိမိဝိတ်တန်းအလိုက် ၀.၁ ကီလိုဂရမ်မျှပင် ကွဲလွဲမှုမရှိစေဘဲ တိကျစွာ ဝိတ်ပြည့်မီရမည်ဖြစ်ပြီး ကွဲလွဲပါက ပြိုင်ပွဲဝင်ခွင့်ရမည်မဟုတ်ပေ။ အဆိုပါ ဝိတ်တန်းများအတွက် ပြိုင်ပွဲများကို ဇူလိုင်လတွင် ကျင်းပမည့် PBM-10 နှင့် စက်တင်ဘာလတွင် ကျင်းပမည့် PBM-11 ပွဲစဉ်များတွင် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကာ ယင်းပွဲများ၌ အနိုင်ရသည့် အကောင်းဆုံးဝိတ်တန်း ၂ ခုမှ ကစားသမားများသည် PBM-12 ပြိုင်ပွဲကြီးတွင် ခါးပတ်လုပွဲအဖြစ် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

22