back

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား အွန်လိုင်းမှတစ်ဆင့် နေ့စဉ် ၂၄ နာရီပတ်လုံး Live ဖူးမြော်နိုင်ပြီဖြစ်

Jun 21 • 2:10 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား အွန်လိုင်းမှတစ်ဆင့် နေ့စဉ် ၂၄ နာရီပတ်လုံး Live ဖူးမြော်နိုင်ပြီဖြစ်

မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား YouTube Channel မှတစ်ဆင့် နေ့စဉ် ၂၄ နာရီပတ်လုံး အမြဲမပြတ် ဖူးမြော်ကြည်ညိုနိုင်ပြီဖြစ်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့က...

မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား YouTube Channel မှတစ်ဆင့် နေ့စဉ် ၂၄ နာရီပတ်လုံး အမြဲမပြတ် ဖူးမြော်ကြည်ညိုနိုင်ပြီဖြစ်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့က ဇွန်လ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။ ဤအစီအစဉ်ကို ဘုရားကြီးဂေါပကအဖွဲ့သစ်လက်ထက်တွင် ပြည်တွင်းပြည်ပရှိ ဗုဒ္ဓဘာသာဝင်များ အွန်လိုင်းမှတစ်ဆင့် Live ဖူးမြော်နိုင်ရန် ရည်ရွယ်၍ ဖော်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ယခင်က နံနက်ခင်းမျက်နှာသစ်တော်ရေ ဆက်ကပ်ပူဇော်သည့် မြင်ကွင်းများကို ဂေါပကအဖွဲ့၏ Facebook Page မှတစ်ဆင့် Live ပြသခဲ့ဖူးသည်။ လက်ရှိတွင် မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့သစ်အနေဖြင့် ပရိဝုဏ်အတွင်း ငလျင်ကြောင့် ပျက်စီးခဲ့သည်များကို ဘက်စုံပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ၂၄ နာရီပတ်လုံး Live ဖူးမြော်လိုပါက "mahamunipagoda" YouTube Channel တွင် ဝင်ရောက်ဖူးမြော်နိုင်ပါသည်။

news-view-count-icon

32