back

မြန်မာ့ပြောင်းများ ထိုင်းသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းမှု ၂ လ ထပ်မံသက်တမ်းတိုး

Jun 21 • 1:33 AM

breaking-news

Myanmar

Local

cover

မြန်မာ့ပြောင်းများ ထိုင်းသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းမှု ၂ လ ထပ်မံသက်တမ်းတိုး

ထိုင်းနိုင်ငံဘက်က မြန်မာ့ပြောင်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုမည့် ကာလအား ၂ လ ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း...

ထိုင်းနိုင်ငံဘက်က မြန်မာ့ပြောင်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုမည့် ကာလအား ၂ လ ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ ထိုင်းနိုင်ငံ၏ မူဝါဒအရ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန်လကုန်အထိသာ အခွန်ကင်းလွတ်ခွင့်ပြုထားရာမှ ယခုအခါ ဩဂုတ်လအကုန်အထိ သက်တမ်းတိုးမြှင့် တင်ပို့ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ယခုကဲ့သို့ သက်တမ်းတိုးပေးလိုက်ခြင်းကြောင့် ပြောင်းဈေးနှုန်းများ ခေတ္တပြန်အေးသွားနိုင်ပြီး၊ ထိုင်းနိုင်ငံတွင်လည်း ပြောင်းဈေးမှာ တစ်ကီလိုလျှင် ၁၁ ဒသမ ၂ ဘတ်/၁၁ ဒသမ ၃ ဘတ်ခန့် ရှိရာမှ ၁၀ ဒသမ ၉ ဘတ်သို့ ပြန်လည်ကျဆင်းလာကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာဖြိုးကိုကိုနိုင်က ပြောကြားသည်။ လက်ရှိတွင် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် မြန်မာ့ပြောင်းများကို ပြန်လည်တင်ပို့နေပြီဖြစ်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ပြောင်းတန်ချိန် ၁ ဒသမ ၃ သန်းကျော် တင်ပို့နိုင်ရန် မျှော်မှန်းထားသည်။ မြန်မာ့ပြောင်းများကို ထိုင်းနှင့် ဖိလစ်ပိုင်ဈေးကွက်များသို့ အများဆုံး တင်ပို့နေရပြီး အိန္ဒိယနိုင်ငံကလည်း ၎င်းတို့လိုအပ်ချက်အပေါ် မူတည်ကာ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

news-view-count-icon

38