ရန်ကုန်မြို့ရှိ တာမွေအဆင့်မြင့်ဈေးနှင့် မင်္ဂလာဈေးသစ် တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ ရန်ကုန်မြို့တော်ဝန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်တည်ဆောက်လျက်ရှိကြောင်း သိရသည်။ တာမွေမြို့နယ် ကျိုက္ကဆံလမ်းပေါ်ရှိ တာမွေအဆင့်မြင့်ဈေးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် One One One Co.,Ltd တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့်ရှိ မင်္ဂလာဈေးသစ်မှာမူ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးရန် နီးကပ်နေပြီဖြစ်ကြောင်း သိရသည်။
Jun 21 • 1:34 AM
Myanmar
Yangon
Share
| 9 | 0 | 0 | 0 |


