back

HANDA (YANGON) အထည်ချုပ်စက်ရုံမှ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို သက်ဆိုင်ရာက ဖြေရှင်းမပေးသဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြား

Jun 20 • 12:21 PM

breaking-news

Myanmar

Yangon

cover

HANDA (YANGON) အထည်ချုပ်စက်ရုံမှ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို သက်ဆိုင်ရာက ဖြေရှင်းမပေးသဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြား

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ HANDA (YANGON) Garment အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခတိုးမြှင့်ရေးနှင့် အခြေခံလုပ်ငန်းခွင်...

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ HANDA (YANGON) Garment အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခတိုးမြှင့်ရေးနှင့် အခြေခံလုပ်ငန်းခွင်အခွင့်အရေးများကို ပြီးခဲ့သည့် မတ်လက တောင်းဆိုခဲ့ရာ၊ အလုပ်ရှင်ဘက်က ဥပဒေနှင့် သဘောတူစာချုပ်များကို ချိုးဖောက်ကာ အလုပ်သမားများအား အလုပ်ထုတ်ခြင်းနှင့် တရားစွဲဆိုခြင်းများ ပြုလုပ်ခဲ့သဖြင့် ဇွန်လ ၂၀ ရက်တွင် လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားခဲ့ကြောင်း သိရသည်။ အလုပ်သမားများက အလုပ်ထုတ်ခံရသူများကို အလုပ်ပြန်ခန့်ရန်၊ ဆုံးရှုံးခဲ့သည့် လစာနှင့် နစ်နာကြေးများ ပေးအပ်ရန်၊ အလုပ်သမားအဖွဲ့အစည်း မှတ်ပုံတင်ခွင့်ပြုရန်နှင့် နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း (ILO) ၏ အရေးယူမှုနှင့် EBA အခွင့်အရေး ရုပ်သိမ်းခံရနိုင်မည့် အလုပ်ရှင်များ၏ ချိုးဖောက်မှုများကို ထိရောက်စွာ တားဆီးအကြံပြုပေးရန် စသည့်အချက်များဖြင့် ကော်မရှင်ထံ တောင်းဆိုတိုင်ကြားထားကြသည်။

news-view-count-icon

12