ပြည်ထဲရေးဝန်ကြီးဌာနအခြေပြု သစ္စာအားမာန်အမျိုးသမီးဘောလုံးအသင်း၏ အုပ်ချုပ်သူများ ခြစားမှုနှင့် ကစားသမားများကို ထမင်းနပ်မှန်အောင် မကျွေးသည့်ကိစ္စရပ်များအား ဇွန်လ ၁၇ ရက် ပွဲပြီးအင်တာဗျူးတွင် ထုတ်ဖော်ပြောဆိုခဲ့သည့် နောက်ခံလူ ဒီဇင်ဘာနှင်းမှာ လက်ရှိတွင် ၂ ရက် (၄၈ နာရီ) ကျော်ကြာသည်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။ ၎င်းပျောက်ဆုံးမှုနှင့်ပတ်သက်၍ အသင်းဖော်များနှင့် အသင်းအုပ်ချုပ်သူများဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ရှင်းလင်းခြင်း မရှိသေးသဖြင့် လူမှုကွန်ရက်နှင့် ဘောလုံးပရိသတ်များအကြား ကစားသမား၏ အသက်အန္တရာယ်နှင့် လုံခြုံရေးအတွက် အထူးစိုးရိမ်ပူပန်မှုများ မြင့်တက်နေပြီး၊ သက်ဆိုင်ရာအနေဖြင့် ဒီဇင်ဘာနှင်း၏ လုံခြုံရေးအခြေအနေကို တရားဝင်သတင်းထုတ်ပြန်ပေးရန်နှင့် အသင်းတွင်းမတရားမှုများကို ရှင်းလင်းပေးရန် ပြည်သူများက ပြင်းပြင်းထန်ထန် ဖိအားပေးတောင်းဆိုနေကြသည်။
သစ္စာအားမာန်အသင်း၏ မတရားမှုများကို ဖွင့်ချခဲ့သည့် နောက်ခံလူ ဒီဇင်ဘာနှင်း ၄၈ နာရီကျော်ကြာ ပျောက်ဆုံးနေသဖြင့် ပရိသတ်များ စိုးရိမ်ပူပန်နေ
Jun 20 • 12:19 PM
Myanmar
Local
Share
| 16 | 0 | 0 | 0 |

ထိုင်းတွင် ရွှေဆိုင်တစ်ဆိုင်က တန်ဖိုးမရှိဟုဆိုကာ ဘတ် ၁၀၀ သာပေးရန် ဈေးနှိမ်ခံရသည့် ရွှေထည်ကို အခြားဆိုင်၌ ဘတ် ၁၃,၃၀၀ ဖြင့် ပြန်လည်ရောင်းချနိုင်ခဲ့သည့် အမျိုးသမီးတစ်ဦး၏ဖြစ်စဉ် လူပြောများလျက်ရှိ
HANDA (YANGON) အထည်ချုပ်စက်ရုံမှ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို သက်ဆိုင်ရာက ဖြေရှင်းမပေးသဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြား

