back

ထိုင်းတွင် ရွှေဆိုင်တစ်ဆိုင်က တန်ဖိုးမရှိဟုဆိုကာ ဘတ် ၁၀၀ သာပေးရန် ဈေးနှိမ်ခံရသည့် ရွှေထည်ကို အခြားဆိုင်၌ ဘတ် ၁၃,၃၀၀ ဖြင့် ပြန်လည်ရောင်းချနိုင်ခဲ့သည့် အမျိုးသမီးတစ်ဦး၏ဖြစ်စဉ် လူပြောများလျက်ရှိ

Jun 20 • 12:15 PM

breaking-news

Thailand

Local News

cover

ထိုင်းတွင် ရွှေဆိုင်တစ်ဆိုင်က တန်ဖိုးမရှိဟုဆိုကာ ဘတ် ၁၀၀ သာပေးရန် ဈေးနှိမ်ခံရသည့် ရွှေထည်ကို အခြားဆိုင်၌ ဘတ် ၁၃,၃၀၀ ဖြင့် ပြန်လည်ရောင်းချနိုင်ခဲ့သည့် အမျိုးသမီးတစ်ဦး၏ဖြစ်စဉ် လူပြောများလျက်ရှိ

ထိုင်းနိုင်ငံတွင် ငွေကြေးအခက်အခဲကြောင့် ၃.၈၅ ဂရမ်ရှိ ၁၈ ကေ (18K) ရွှေထည်ကို သွားရောက်ရောင်းချသည့် အမျိုးသမီးတစ်ဦးအား ပထမရွှေဆိုင်က အရည်အသွေးမပြည့်မီဟုဆိုကာ ဆီဖိ...

ထိုင်းနိုင်ငံတွင် ငွေကြေးအခက်အခဲကြောင့် ၃.၈၅ ဂရမ်ရှိ ၁၈ ကေ (18K) ရွှေထည်ကို သွားရောက်ရောင်းချသည့် အမျိုးသမီးတစ်ဦးအား ပထမရွှေဆိုင်က အရည်အသွေးမပြည့်မီဟုဆိုကာ ဆီဖိုးအဖြစ် ဘတ် ၁၀၀ (မြန်မာငွေ ၁ သောင်းဝန်းကျင်) သာပေး၍ အခွင့်အရေးယူရန် ကြိုးပမ်းခဲ့သော်လည်း၊ ၎င်းအမျိုးသမီးက လက်မခံဘဲ "နမော" (Namo) အမည်ရ အခြားရွှေဆိုင်တစ်ဆိုင်သို့ သွားရောက်စစ်ဆေးရောင်းချရာမှ ဘတ် ၁၃,၃၀၀ (မြန်မာငွေ ၁၈ သိန်းဝန်းကျင်) အထိ တန်ဖိုးမှန်အတိုင်း ပြန်လည်ရရှိခဲ့သည့် ဖြစ်ရပ်တစ်ခု လူမှုကွန်ရက်တွင် လူပြောများလျက်ရှိသည်။ ဒုတိယရွှေဆိုင်ပိုင်ရှင်က အဆိုပါရွှေထည်ကို စက်များဖြင့် သေချာစွာစစ်ဆေးပြီး ရွှေပါဝင်မှု ၇၅.၀၇ ရာခိုင်နှုန်းရှိသည့် ရွှေအစစ်ဖြစ်ကြောင်း အတည်ပြုဝယ်ယူပေးခဲ့ခြင်းဖြစ်ကာ၊ ပထမဆိုင်တွင် ခေါင်းပုံဖြတ်ခံရလုနီးပါးဖြစ်ခဲ့ရသည့် အမျိုးသမီးမှာ ဝမ်းသာဝမ်းနည်းဖြင့် ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရပြီး ရွှေဆိုင်ပိုင်ရှင်ကလည်း မိမိတို့ရတနာများကို ရောင်းချရာတွင် မတရားဈေးနှိမ်ခံရသည်ဟု သံသယရှိပါက လွယ်လွယ်ကူကူ မရောင်းချပစ်ရန် လူမှုကွန်ရက်မှတစ်ဆင့် သတိပေးတိုက်တွန်းထားကြောင်း သိရသည်။

news-view-count-icon

11