back

တာချီလိတ်မြို့ ကျိုင်းတုံ-တာချီလိတ်လမ်းမကြီးပေါ်တွင် အရှိန်မထိန်းနိုင်သည့် ကားတစ်စီးက ဆိုင်ကယ်အား နောက်မှဝင်တိုက်မိ၍ အမျိုးသမီးတစ်ဦး အခင်းဖြစ်နေရာ၌ သေဆုံး

Jun 20 • 11:29 AM

breaking-news

Myanmar

Shan

cover

တာချီလိတ်မြို့ ကျိုင်းတုံ-တာချီလိတ်လမ်းမကြီးပေါ်တွင် အရှိန်မထိန်းနိုင်သည့် ကားတစ်စီးက ဆိုင်ကယ်အား နောက်မှဝင်တိုက်မိ၍ အမျိုးသမီးတစ်ဦး အခင်းဖြစ်နေရာ၌ သေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဟွေခိုက်ရွာအနီး ကျိုင်းတုံ-တာချီလိတ်သွား ကားလမ်းမကြီးပေါ်တွင် ဇွန်လ ၂၀ ရက် (ယနေ့) နံနက်ပိုင်းက...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဟွေခိုက်ရွာအနီး ကျိုင်းတုံ-တာချီလိတ်သွား ကားလမ်းမကြီးပေါ်တွင် ဇွန်လ ၂၀ ရက် (ယနေ့) နံနက်ပိုင်းက အဖြူရောင် Crown မော်တော်ယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းမှန်အတိုင်း ရှေ့မှမောင်းနှင်နေသည့် ဆိုင်ကယ်အား နောက်မှ ဝင်ရောက်တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ အသက် ၄၅ နှစ်အရွယ် မပြုံးချိုမှာ ပြင်းထန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ သေဆုံးသူ၏ရုပ်အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး၊ မဆင်မခြင်မောင်းနှင်ကာ လူသေဆုံးမှုဖြစ်စေခဲ့သည့် ယာဉ်မောင်း စိုင်းရှဲန်တစ် (၂၃ နှစ်) အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်းနှင့် တာချီလိတ်မြို့တွင် ရက်ခြားဆိုသလို မဆင်မခြင် စည်းကမ်းမဲ့မောင်းနှင်မှုများကြောင့် ယာဉ်တိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

news-view-count-icon

11