ယူကရိန်းတပ်ဖွဲ့များက ကြာသပတေးနေ့တွင် မော်စကိုမြို့ရှိ ရေနံချက်စက်ရုံတစ်ရုံအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် သိုလှောင်ကန် ၄ လုံးနှင့် ဆက်စပ်စက်ရုံတစ်ခု ပျက်စီးကာ အချိန်အကန့်အသတ်မရှိ လုပ်ငန်းများရပ်ဆိုင်းထားရကြောင်း ယူကရိန်းစစ်ဦးစီးချုပ်ရုံးက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းတိုက်ခိုက်မှုအပြီးတွင် ကြီးမားသောမီးလောင်မှု ဖြစ်ပွားခဲ့ပြီး မော်စကိုမြို့တော်ဝန်ကမူ ဒရုန်း ၇၆ စီးကို ပစ်ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သော်လည်း ရုရှား၏ ရေနံလုပ်ငန်းအခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများ တိုးမြှင့်ခံနေရခြင်းဖြစ်သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ရုရှားသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ယူကရိန်း၏ လုပ်ရပ်သည် ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းမဟုတ်ကြောင်းနှင့် မကြာမီ ရှေ့တန်းစစ်မျက်နှာပြင်၌ ကိဗ်အတွက် ဘေးဆိုးကပ်ဆိုးကြီး ဖြစ်လာတော့မည်ဟု သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မော်စကိုရေနံချက်စက်ရုံ လုပ်ငန်းများ အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းထားရ
Jun 20 • 11:28 AM
Myanmar
International
Share
| 12 | 0 | 0 | 0 |


